ကျိုက်လတ် စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ၊ ပညာဇေယျုံဘုန်းတော်ကြီး ကျောင်းတွင် ယနေ့နံနက်(၈) နာရီမှ စ၍ အမှတ်(၅) ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်အတွက် မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူ များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက အမှတ်(၅) ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် လာရောက်လျှောက်ထားခြင်းနှင့် အသက်ပြည့် လာရောက်လဲလှယ်ခြင်းတို့အတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သည်။
အမှတ်(၅)ရပ်ကွက်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေသည်များကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီအဖွဲ့က ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ရီရီမြင့် (ပြန်/ဆက်)