ရှမ်းရွာသစ် စက်တင်ဘာ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများနှင့် ဒေသနေပြည်သူများ စာဖတ်သည့် အလေ့အကျင့် ရှိစေရန်၊ အပြန်အလှန်ပါဝင်ဆွေးနွေးတတ်ပြီး တစ်ဦးနှင့်တစ်ဦး အသိပညာချင်းဖလှယ်တတ်စေရန်နှင့် အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်ပြီး ဒေသခံလူငယ်များနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်ပြုလုပ်ခဲ့သည်။
မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့က လူငယ်များအနေဖြင့် စာဖတ်စွမ်းရည်၊ အပြောစွမ်းရည်နှင့် အစုအဖွဲ့အတွင်း အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ရှိစေရန်နှင့် အပြန်အလှန်မေးမြန်းဖြေ ကြားတတ်သည့် အလေ့အထများဖြစ်ပေါ်လာစေရေး လေ့ကျင့်ပျိုးထောင်ပေးခြင်း ဖြစ်ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်ညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ဦးရဲလင်းနောင်နှင့် ဦးစည်သူမျိုးတို့က စာရေးဆရာ ဦးဘုန်း(ဓာတု)ရေးသားသော "အက္ခရာ" စာအုပ်တွင်ပါဝင်သော အကြောင်း အရာများကို ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော စာပေချစ်သူများကလည်း မိမိတို့သိရှိလိုသော အကြောင်းအရာ များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)