ဖျာပုံမြို့၊ တင်ပုလွဲကျေးရွာ၊ ဓမင်းဆိပ် Cyclone School Cum Shelter တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် လက်ဆေးဘေစင်နှင့် ဖိုက်ဘာရေစည်များ တပ်ဆင်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ဖျာပုံ  စက်တင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ တင်ပုလွဲကျေးရွာအုပ်စု၊ တင်ပုလွဲကျေးရွာ၊ ဓမင်းဆိပ် Cyclone School Cum Shelter တွင် Facility Quarantine Center အဖြစ်ထားရှိရာတွင် လိုအပ်လျက်ရှိသည့် လက်ဆေးဘေစင်နှင့် ဖိုက်ဘာရေစည်များ တပ်ဆင်ဆောင်ရွက်နေမှုများကို ယမန်နေ့ ညနေ (၃)နာရီက ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်မှူး ဦးမော်နိုင်ထွန်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပေးအပ်လှူဒါန်းသည့် အလူမီနီယံ လက်ဆေးဘေစင် (၃)စုံ၊ ဖိုက်ဘာရေစည် (၂)လုံး၊ ရေပန့်မော်တာ (၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို စက်တင်ဘာ (၁)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး (၁၅) ရက်နေ့တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကာ အဆိုပါ လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများအတွက် ကုန်ကျငွေမှာကျပ် (၁၅)သိန်းခန့် ရှိကြောင်းသိရှိရသည်။

အဆိုပါ Cyclone School Cum Shelter တွင်  လက်ဆေးဘေစင်နှင့် ဖိုက်ဘာရေစည်များ တပ်ဆင်ပြီးပါက တင်ပလွဲကျေးရွာရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်သည့်လုပ်ငန်းများ ဆောင်ရွက်ပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း ဖျာပုံခရိုင်မှူး ဦးမော်နိုင်ထွန်းထံမှ သိရပါသည်။

လှလှနွယ် (ခရိုင်ပြန်/ဆက်)