ရှမ်းရွာသစ် စက်တင်ဘာ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မိခင်နှင့်ကလေးသူငယ်များ အာဟာရဆိုင်ရာရလဒ်များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဖြစ်စေမည့် ဝန်ဆောင်မှုများအား မိသားစုများရရှိစေရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းတွင် ကိုယ်ဝန်ဆောင်မိခင် များနှင့်အသက်(၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ကွီးလေးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို ကွီးလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့က ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လ အထိ ကွီးလေးကျေးရွာအုပ်စုရှိ အကျိုးခံစားမည့်သူ ကိုယ်ဝန်ဆောင်မိခင် (၆၄)ဦးနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးငယ်(၁၄၂)ဦး၊ ဇူလိုင်လမှ စက်တင်ဘာအထိ ကိုယ်ဝန်ဆောင်မိခင်(၃၄)ဦးနှင့် အသက်(၂)နှစ်အောက် ကလေး(၁၀၃)ဦးတို့အတွက် တစ်လလျှင် ကျပ်(၁၅၀၀၀/)နှုန်းဖြင့် (၆)လစာကို လက်ဝယ်အရောက် ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)