ကော့သောင်း စက်တင်ဘာ ၃
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် မလေးရှားနိုင်ငံမှလာရောက်သည့် MV.WIDE BRAVO သင်္ဘာပေါ်မှ သင်္ဘာသား (၁၂) ဦး၊ အင်ဒိုနီးရှားနိုင်ငံမှလာရောက်သည့် M.T CHEMROAD WING သင်္ဘာပေါ်မှ သင်္ဘာသား (၁၀) ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် MT OCEAN CHEMIST သင်္ဘာပေါ်မှ သင်္ဘောသား (၆) ဦး၊ အင်ဒိုနီးရှားနိုင်ငံမှလာရောက်သည့် M.T GLOBAL VENUS သင်္ဘာပေါ်မှ သင်္ဘာသား (၇) ဦး၊ စုစုပေါင်းသင်္ဘာလေးစီးပေါ်မှ သင်္ဘာ (၃၅) ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
သငေ်္ဘာများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘာသား (၃၅) ဦးမှာ ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MV.WIDE BRAVO သင်္ဘာပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသန်းထိုက်ပါ သင်္ဘာသား (၁၂) ဦး၊ M.T CHEMROAD WING သင်္ဘာပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးဝင်းထွန်းပါ သင်္ဘာသား (၁၀) ဦး၊ MT OCEAN CHEMIST သင်္ဘာပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးပြည်သင်းပါ သင်္ဘောသား (၆) ဦး၊ M.T GLOBAL VENUS သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးတိုးတိုးအောင်ပါ သင်္ဘောသား (၇)ဦး တို့ဖြင့် တာဝန်လွှဲပြောင်းယူခဲ့သူများ ဖြစ်သည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘာသား(၃၅) ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၂၁)ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)