ဘုတ်ပြင်း စက်တင်ဘာ ၃
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဘုတ်ပြင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွား ရေးကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးစိုက်ပျိုးရာသီအတွက် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်လွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမတွင်ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ကော့သောင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းဆွေးဦးက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား သည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က တောင်သူ (၃၅) ဦးအား မျိုးစေ့ဖိုးနှင့်စိုက်ပျိုးစရိတ်ထောက်ပံငွေများကို တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)