လေးမျက်နှာ မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာ(၂၀)ရွာလျာထား၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း(VDP)စီမံကိန်းကို နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ်(၂၀၀)သန်း အသုံးပြုကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လေးမျက်နှာမြို့နယ်အတွင်းရှိ ကညင်တိုင်းကျေးရွာအုပ်စု တုံးတော ကျေးရွာ၊ ကြီးပေါက်ကုန်းကျေးရွာအုပ်စု ပန်းတောပေါက်ကျေးရွာ၊ သခွတ်ချောင်းကျေးရွာအုပ်စု ဗိုလ်ရုံစုကျေးရွာ၊ လှော်ကထားကျေးရွာအုပ်စု တောင်ပေကုန်းကျေးရွာ၊ ကွမ်းခြံကုန်း ကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာ၊ ဝါးရုံချောင်းကျေးရွာအုပ်စု အကယ်ကျေးရွာနှင့် ကုန်းကြီးကျေးရွာ၊ ဝါးတောကွင်း ကျေးရွာအုပ်စု ဝါးတောကွင်းကျေးရွာ၊ ကြိုးကြာကွင်း ကျေးရွာအုပ်စု ကြိုးကြာကွင်းကျေးရွာ၊ မိုးကုတ်ကျေးရွာအုပ်စု စိန်တောင်ကျေးရွာ၊ ကညင်သောင်ကျေးရွာအုပ်စု ကုန်းကြီးကျေးရွာ၊ လှည်းထောက်ကွင်း ကျေးရွာအုပ်စု ရေသိုးချောင်ကျေးရွာနှင့် စီကွင်းကျေးရွာ၊ လဟာကြီးကျေးရွာအုပ်စု ရွာသာကုန်းကျေးရွာ၊ ပန်းတောကြီးကျေးရွာအုပ်စု ပန်းတောကြီးကျေးရွာနှင့် ငှက်ပျောတောကွင်းကျေးရွာ၊ ချင်းကုန်းကျေးရွာ အုပ်စုစိန်ဘောင်ကျေးရွာ၊ ဝတ်ကုန်းကျေးရွာအုပ်စု လဲခုံလေးကျေးရွာ၊ ကွင်းကြီးကျေးရွာအုပ်စု အောင်ဇံကွင်းကျေးရွာ၊ ဝါးရုံချောင်းကျေးရွာအုပ်စု ဝါးရုံချောင်း ကျေးရွာတို့တွင် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း ဆောင်ရွက်ရန် လျာထားပြီး ကျေးရွာတစ်ရွာတွင် နိုင်ငံတော်ငံတော် ခွင့်ပြုရန်ပုံငွေကျပ်(၁၀)သန်းဖြင့် စုစုပေါင်း ကျေးရွာ(၂၀)ရွာအား ကျပ်သန်း(၂၀၀)အသုံးပြုကာ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်သည်။
လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျေးရွာတွင်းလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ကျေးရွာလျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နှစ်စဉ်ဘဏ္ဍာရေး နှစ်အလိုက် စီမံကိန်းများ ရေးဆွဲပြီးဆောင်ရွက်လျက်ရာ ကျေးရွာနေပြည်သူများ၏ လူမှုဘဝနေထိုင်ရေးအတွက် များစွာအထောက်အကူပြုလျှက် ရှိကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)