ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု ဘောဘောခီးကျေးရွာ အဝင်လမ်းပေါ် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ရှမ်းရွာသစ် မေ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ ဘောဘောခီးကျေးရွာအဝင် လမ်းပေါ်တွင် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ပြည်မနှင့်ပြည်နယ်များအကြား ဟန်ချက်ညီညီ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသများရှိ တိုင်းရင်းသားပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်ပြီး ဦးစားပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် (၅၂.၀၃၇) သန်းဖြင့် အရှည် (၃၀) ပေ၊ အကျယ် (၁၄) ပေရှိသော ကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်းကို စိုးပါဝါနိုင်ကုမ္ပဏီမှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေး အတွက် အနီးကပ်ကြီးကြပ်၍ တာဝန်ယူဆောက်လုပ်ခဲ့ပြီး  ၎င်းလုပ်ငန်းဆောင်ရွက်ပြီးစီးသည့် အတွက် အစွန်အဖျားရှိ ကျေးရွာနေပြည်သူများအတွက် ယခင်ကထက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မည်ဖြစ်ပြီး စီးပွားရေး၊ လူမှုရေးနှင့်ပညာရေးကဏ္ဍများတွင် အဘက်ဘက်မှ ပိုမို တိုးတက်လာကြောင်း  တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ဇင်လေး (ပြန်/ဆက်)