ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စု ထန်းတပင်-မဲသပုံ-ကွီးကျယ် ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ မေလ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မား လာစေရေးနှင့် သွားလာရေးလွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ ကျေးလက်လမ်း ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထန်းတပင် ကျေးရွာအုပ်စု၊ ထန်းတပင်-မဲသပုံ-ကွီးကျယ်ကျေးရွာ ချင်းဆက်‌မြေသားလမ်းအား ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မေလ ၃ ရက်‌နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ် ကြောင်း သိရသည်။

အဆိုပါ လမ်းသည် ထန်းတပင်-မဲသပုံ‌-ကွီးကျယ် ရေတံခွန်အထိ ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး အရှည် (၁.၆၀၉) ကီလိုမီတာရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဒုတိယ (၆) လပတ် ဘဏ္ဍာရေးနှစ်အတွင်း ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် (၂၆၈.၃၀၀) သန်းဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်‌ရှိကြောင်း၊ ယင်းလမ်း‌ခင်းခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ကရင်ပြည်နယ်၊ ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ် ကြီးကြပ်မှုဖြင့်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ပိုင်ကျုံမြို့အတွင်းရှိ ဒဒေသခံ ပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့်  အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုအဆင်‌ပြေ လွယ်ကူလာပြီဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)