တနင်္သာရီမြို့နယ် ကိုယ်စားပြုဘော်လီဘောအသင်းများ ပြိုင်ပွဲဝင်အောင်နိုင်ရေး လေ့ကျင့်သင်ကြားပေး

 

တနင်္သာရီ မေ ၄

၂၀၂၂ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံဘော်လီ ဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တနင်္သာရီမြို့နယ်ကိုယ်စားပြုအမျိုး သား အသင်းနှင့်အမျိုးသမီး အသင်းများမှ အားကစားသမားများက အောင်နိုင်မှုရရှိရေးအတွက် တနင်္သာရီမြို့နယ်-မောတောင်မြို့ မိုးလုံလေလုံအား ကစားရုံအတွင်း ဧပြီလ ၂၃ရက်မှစ၍ မေလ ၃ရက်နေ့အထိ လေ့ ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

၎င်းဘော်လီဘောအသင်းများ လေ့ကျင့်ရာတွင် တနင်္သာရီတိုင်းဒေသကြီး အားကစား ကော်မတီမှဘော်လီဘောနည်းပြဆရာ ဦးဝင်းကြူက ကြီးကြပ်၍ နေ့စဉ်နံနက် ညနေအချိန် များတွင် တစ်နေ့(၂)ကြိမ် သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနက သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)