ဘားအံမြို့တွင် ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဘားအံ  မေ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ရှေးဦးသူနာပြုစုနည်းအခြေခံ သင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဘားအံခရိုင်လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး(တာဝန်ပေး) ဦးအောင်ဇော်ဦးမှ လူငယ်များအနေ ဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချပြီး သင်တန်း တက်ရောက်ခဲ့သည့်အတွက် မိမိပတ်ဝန်းကျင်ရှိ အရေးပေါ်ဆောင်ရွက်ပေးရန် လိုအပ်သူများအတွက်  ကယ်ဆယ်ဆောင်ရွက်ပေးနိုင်ခြင်း၊ သင်တန်းမှရရှိသော အတတ်ပညာများဖြင့် မိမိပတ်ဝန်းကျင်မှတစ်ဆင့် မြို့ရွာ၊ နိုင်ငံအတွက် တစ်ထ ောင့်တစ်နေရာမှ  အကူအညီပေးနိုင်သူများ ဖြစ်လာနိုင်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ သည်။

ဆက်လက်၍  မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ သင်တန်းနည်းပြ ဦးဇေယျာမိုးမြင့်က ဆုရွေးချယ်မှုနှင့်ပတ်သက်၍ ရေးဖြေဆန်းစစ်ခြင်းနှင့် လက်တွေ့လုပ်ငန်းများစစ်ဆေးခြင်းတွင် ရမှတ် များသတ်မှတ်၍ ဆုရွေးချယ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပထမဆုရရှိသည့် နန်းအေးဇာခြည်သိန်း၊ ဒုတိယဆုရရှိသည့်မောင်အေးချမ်းနိုင်၊ တတိယဆုရရှိသည့် စောစိုင်းဝင်း ဘို တို့အား တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)