ရေတာရှည်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းများ တိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး

ရေတာရှည် မေ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ယနေ့ နံနက် ၅ နာရီ အချိန် ခန့်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းများ တိုက်ခတ်မှုကြောင့် မိချောင်းအိုင် ကျေးရွာအုပ်စုအတွင်း ပင့်သီလာကျေးရွာရှိ သွပ်မိုး၊ ပျဉ်ကာ ဘုန်းကြီးကျောင်း  အမိုးလန်ပျက်စီးခြင်း၊ သစ်ချဆိပ်ကျေးရွာတွင် အိမ်ခြေ (၄) အိမ် အမိုးလန်ပျက်စီးခြင်းနှင့် ရှမ်းရွာတွင် သက်ငယ်မိုး၊ ထရံကာအိမ်တစ်လုံး ထရံကွာ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ လေဘေးအန္တရာယ်ခံစားခဲ့ရသော အိမ်ထောင်စုဝင်မိသားစုများအား သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် လေဘေးအန္တရာယ် ကျရောက်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)