အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ပညာ‌ပေးဆွေးနွေးပွဲ ဆောင်ရွက်

အုတ်တွင်း မေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ပညာ‌ပေး ဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က ဘုရားက​​လေးကျေးရွာအုပ်စု၊ ကံလျက်တောကျေးရွာရှိ ဓမ္မာရုံ၌ အသိပညာ​ပေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ဒေသဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊  ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်​စေ​ရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်​ငွေတိုးတက်မြင့်မားလာ​စေ​ရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်​ပေးနိုင်ရန်အတွက် ​သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ လာရောက်​တွေ့ဆုံ​ဆွေး​နွေး​ဆောင်ရွက်ခြင်းဖြစ်ကြောင်း မိဘပြည်သူများအ​နေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိမိ​ဒေသဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် လိုအပ်သည် များအား  ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေး​နွေးစေလို​ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးက စိုက်ပျိုးရေးကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း မွေးမြူရေး နှင့် ကုသ​ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာသင်းသဥ္ဇာ ကတိရစ္ဆာန်များအစာအဖြစ် နေပီယာမြက်များ စိုက်ပျိုးနိုင်ရေး အကြောင်းအရာ များနှင့် မွေးမြူရေးကိစ္စရပ်များကို လည်းကောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဆန်းငြိမ်းဇော်က လယ်ယာမြေအသုံးချမှုနှင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍လည်းကောင်း၊ ဆည်​မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မြချိုက စိုက်ပျိုးရေပေး​ဝေမှု အ​ခြေအ​နေများအားလည်း​ကောင်း၊ စက်မှုလယ်ယာဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးအောင်ဆန်းနိုင်က စက်မှုလယ်ယာကဏ္ဍာ အသီးသီးအားလည်းကောင်း၊ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယကြီးကြပ်ရေးမှူး ဦးသက်ထွန်းနိုင်က တောင်သူများအချိန် စေ့လွန်ကြွေးကျန်များနှင့် အချိန်စေ့ကြွေးပြေကျေပြီး တောင်သူများအား ၂၀၂၂ ခုနှစ် မိုးချေးငွေသစ်ထပ်မံထုတ်ချေးရန် အကြောင်းအရာများလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေး​နွေးခဲ့​ကြောင်းနှင့် သက်ဆိုင်ရာဦးစီးဌာန အသီးသီးကလည်း အသိပညာ​ပေး လက်ကမ်းစာ​စောင်များအား ဖြန့်ဝေပေးခဲ့​ကြောင်းနှင့် ကျေးရွာအတွင်း မွေးမြူထားသည့် တိရစ္ဆာန်များအား အစာအဟာရပြည့်ဝစေရေး၊ ရောဂါများ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)