လိပ်သို၊ စက်တင်ဘာ ၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင်အဓိက စိုက်ပျိုးသီးနှံဖြစ်သည့် ဖာလာသီးပေါ်ချိန်ရောက်ရှိလာ၍ ဒေသခံပြည်သူများ စတင်ခူးယူနေကြပြီဖြစ်ကြောင်း သိရသည်။
ဒေသထွက်ကုန်တစ်မျိုးဖြစ်သော ဖာလာသီးများမှာ စက်တင်ဘာလဆန်းပိုင်းမှာ ရင့်မှည့်မည်ဖြစ်သော်လည်း သြဂုတ်လ တတိယအပတ်တည်းက စတင်ခူးယူကြပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်အတွင်း စားဝတ်နေရေးအတွက် အခက်အခဲများ ဖြည့်ဆည်းနိုင်ရန် ခူးဆွတ်ရောင်းချနေကြရာ လက်ရှိ လိပ်သိုမြို့ပေါ်တွင် ၁၈ ပိဿာဝင် ဖာလာအစို ပီနံအိတ်တစ်လုံးလျှင် ငွေကျပ် ၆၀၀၀ ရှိပြီး အခွံအုပ်ခြောက်တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ရှိကြောင်း လိပ်သိုမြို့ ဖာလာဝယ်ယူသူ ဒေါ်အေမီတင့်ထံမှ သိရသည်။
လိပ်သိုဒေသတွင် အဓိကသီးနှံအဖြစ် ဖာလာသီးနှံအပြင် အခြားသီးနှံများဖြစ်သည့် ကော်ဖီ၊ ဒညင်း၊ ကွမ်းသီ၊ ကွမ်းရွက်၊ဒူးရင်းသီး၊ လိုင်ချီးသီး၊ နာနတ်သီးနှင့် နနွင်းများကိုလည်း စျေးကွက်သီးနှံအဖြစ် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရပါသည်။
နွယ်နွယ်ခိုင်(ပြန်/ဆက်)