လှိုင်းဘွဲမြို့နယ် နေရပ်ပြန်ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများ ရယူစစ်ဆေး

လှိုင်းဘွဲ၊ စက်တင်ဘာ   ၃

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် နေရပ်သို့ပြန်လည်ရောက်ရှိလာသူများအား ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ ဓါတ်ခွဲအတည်ပြုနိုင်ရန်အတွက်  နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာရယူစစ်ဆေးခြင်းကို ယမန်နေ့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရယူစစ်ဆေးခြင်းကို မြိုင်ကြီးငူအထူးဒေသ ကျန်းမာရေးမှူး ဒေါက်တာ သန်းထိုက်အောင်နှင့်ဝန်ထမ်းများက နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွန်ကြားချက်များ လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ သတ်မှတ်သောနေရာတွင် စနစ်တကျနေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာတွင်နေထိုင်ခြင်း၊ လူစုလူဝေးမပြုလုပ်ခြင်းတို့ကို အသိပေးပြောကြားခဲ့ပြီး နေရပ်ပြန်ပြည်သူ (၁၂) ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဓါတ်ခွဲခန်းသို့ပေးပို့ကာ နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာ Quarantine Centre တွင် စနစ်တကျထားရှိပြီး ကျန်းမာရေးစောင့် ရှောက်မှုအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)