ကြံခင်းမြို့နယ်အတွင်းရှိ (မိုးနေကြာ)စိုက်ပျိုးမည့် တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ တိုင်းဦးစီးတို့ တွေ့ဆုံဆွေးနွေး

ကြံခင်း မေ ၃

ဧရာဝတီတိုင်းဒေသကြီး  စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိုင်းဦးစီးမှုးနှင့်အဖွဲ့သည် ကြံခင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ခုနှစ် ဆီထွက်သီးနှံ (မိုးနေကြာ) စိုက်ပျိုးနိုင်ရန် အလုံကျေးရွာအုပ်စု၊ သစ်ဆိမ့်ကိုင်း ကျေးရွာအုပ်စုရှိ တောင်သူများနှင့် မေလ ၂ ရက်နေ့က အလုံကျေးရွာအုပ်စု ဘုန်းကြီးကျောင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိုင်းဦးစီးမှုး ဦးကျော်ကျော် လှိုင်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း(မိုးနေကြာ)ဧက(၁၀၀၀) စိုက်ပျိုးထုတ်လုပ်နိုင်ရေးအား လည်း ကောင်း၊ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ခင်ဌေးမြင့်မှ ကြံခင်းမြို့နယ်အတွက် ဆီထွက်သီးနှံ (မိုးနေကြာ)စိုက်ပျိုးနိုင်ရေး နည်းပညာပေး လုပ်ငန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းဆွေးနွေးရာ တောင်သူများမှ သိလိုသည့်များမေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက စိုက်ပျိုးရမည့်နည်းစနစ် ပုံစံများ ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

ထိုနောက် ဒုတိုင်းဦးစီးမှုးနှင့်အဖွဲ့သည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးစတိုင်းသာ ယာ နှင့် ဝန်ထမ်းများအားတွေ့ဆုံပြီး (မိုးနေကြာ) မျိုးစေ့ထုတ်ဧက(၁၀၀၀) စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ဖြစ်ထွန်းရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ပေါင်းစပ်လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)