ပြည် မေ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ယနေ့နံနက် ၇နာရီအချိန်တွင် (၇၆)နှစ်မြောက်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးဦးဆောင်၍ သံန္ဓေမီးသတ်(၁၇)ဦး၊ အရံမီးသတ်(၆၀)ဦးတို့က ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ ဆယ်ထပ်ကြီး ဘုရားအား ရေသပ္ပါယ်ခြင်းစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုစိုးပြန်ဆက်