ကြံခင်း မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်လုံးဆိုင်ရာ ချမ်းသာကြီး ဘုရားပုရဝဏ်အတွင်း၊ အပြင်စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မာမာဆွေနှင့် ကော်မတီအဖွဲ့ဝင်များပူးပေါင်းပြီး ချမ်းသာကြီးဘုရားစေတီ၊ ပုထိုးများအား ရောင်ခြည်တော်ဖွင့် ရေသပ္ပါယ်ခြင်း၊ ဘုရားကြီးရင်ပြင်ပေါ်နှင့် တန်ဆောင်းအတွင်း တံမြက်စည်းလှဲခြင်း၊ ရေဖြင့်ဆေးကြောခြင်း၊ ဘုရားကြီးပုရဝဏ်အတွင်းအပြင် ပေါင်းမြက်များအား ရှင်းလင်းခြင်း၊ ပန်း၊ ဆီမီးများဆက်ကပ်လှုဒါန်းပူဇော်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)