သာယာဝတီ မေ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင်၂၀၂၂ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက မြို့ကျက်သရေဆောင် အောင်င်သိဒ္ဓိစေတီတော်မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇော်လွင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ဗုဒ္ဓရုပ်ပွားတော်များအား ရောင်တော် ဖွင့် ကုသိုလ်ယူခြင်း၊ ဘုရားပန်းများ အသစ်လဲလှယ် ကပ်လှူပူဇော်ခြင်း၊ စေတီတော် လုံးတော်ရေဆေးခြင်း၊ ရင်ပြင်တော် ရေဆေးခြင်း၊ ဘုရားဝန်းပုရဝဏ်အတွင်း သန့်ရှင်ရေးပြုလုပ်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန့်ဇော်