ရေနံချောင်း မေ ၃
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်ရံ သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးထွန်းမင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် အထောက်အကူပြုစေရန်အတွက် ယခုလို ပန်းရံသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းဆရာများက သင်တန်းသားများအား ပန်းရံလုပ်ငန်းများကို လက်တွေ့ သင်ကြားပြသသည်။
အဆိုပါသင်တန်းတွင် သင်တန်းဆရာသုံးဦးက အဆောက်အဦးများနှင့် အခြားပန်းရံလုပ်ငန်းများ လုပ်ကိုင်ရာတွင် သေသပ်လှပစေရန်နှင့် ခိုင်ခံ့စွာတည်ဆောက်နိုင်ရန်အတွက် အုတ်စီနည်း အမျိုးမျိုး၊ မဆလာဖျော်စပ်နည်း အမျိုးမျိုး၊ သံလက်ကိုင်နည်း၊ သရိုးအမျိုးမျိုးဖော်စပ်နည်း၊ ပန်းရံသုံးကိရိယာများသုံးစွဲပုံနှင့် ရေချိန်နည်းများကို သင်တန်းသား ၂၅ ဦးအား မေ ၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ သင်တန်းကာလ ၁၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပြသသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)