လှိုင်းဘွဲမြို့နယ်တွင် မျိုးစေ့ထုတ်စပါးခင်းများ ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိစေရေး ကွင်းဆင်းကြည့်ရှု

လှိုင်းဘွဲ၊ စက်တင်ဘာ  ၃

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ်စပါးစိုက် ခင်းဧရိယာများတွင် ပိုးမွှားများကျရောက်မှုမရှိစေရေးအတွက် ယမန်နေ့က သမ္ဘာန်ကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ်စပါးများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် စိုက် ပျိုးရေးဦးစီးဌာန ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးရဲကိုကိုနိုင်နှင့် ဒုတိယဦးစီးမှူး ဦးစောမြင့်၊ မြို့နယ်ဦးစီးမှူးဦးကြည်ဝင်းနှင့် တာဝန်ကျဝန်ထမ်းများက သမ္ဘာန်ကျေးရွာမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအတွင်း ပိုးမွှားများကျရောက်မှု ရှိ/မရှိ ကင်းထောက်စစ်ဆေးကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)