ကျိုက်လတ် စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာပေ ဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့် က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်းဝင် ဦးအောင်ဇာနည်ထွန်းက စာရေးဆရာဖေမြင့် ရေးသားသည့် ''အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း'' စာအုပ်မှ အခွင့်အရေးဟူသည် ဆောင်းပါးနှင့် စာပေဝါသနာရှင် ဒေါ်စန်းစန်းက ကြီးကျယ်မြင့်မားသောဘဝ ဆောင်းပါးများအား ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)