ဘောဂလိမြို့တွင်ကိုဗစ်-၁၉ ရောဂါပိုးကြိုတင်ကာကွယ်ရေး  အသိပညာပေးနှိုးဆော်ခြင်းများ ဆက်လက်  ဆောင်ရွက်

ဘောဂလိ  မေ   ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ   ကျယ်ကျယ်ပြန့်ပြန့်  သိရှိလိုက်နာကြစေရန်  အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို    ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဘောဂလိမြို့ရုံးဝန်ထမ်းများက  နေ့စဉ်  အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေန့နက်ပိုင်းက   ကရင်မြန်မာနှစ်ဘာသာဖြင့်  ဆက်လက်ဆောင် ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

အဆိုပါ  နှိုးဆော်ချက်များတွင်  အတတ်နိုင်ဆုံး  အိမ်တွင်း၌သာ  နေထိုင်ကြရန်၊  အခြားသူများထံသို့  သွားရောက်လည်ပတ်ခြင်းမပြုကြရန်၊ အရာဝတ္တုများကို ကိုင်တွယ်ပြီးတိုင်း  လက်ကို ဆပ်ပြာဖြင့်စနစ် တကျဆေးကြောကြရန်၊   မျက်စိနှာခေါင်း ပါးစပ်တို့ကိုလက်ဖြင့် ထိတွေ့ ခြင်းမှ   ရှောင်ကြဉ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ   ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြပါရန်၊  မိမိတို့၌ရောဂါပိုးရှိသည်ဟု  သံသယရှိပါက နီးစပ်ရာကျန်းမာရေး  ဌာနသို့ဆက်သွယ်ပြီး    ဆေးကုသမှုခံယူကြရန်နှင့်    ကိုဗစ်-၁၉ ရောဂါ  ကွင်းဆက်ပြတ်တောက်ရန် အတွက်မိဘပြည်သူများအားလုံး    ပူးပေါင်း ပါဝင်ပေးကြရန် စသည့်အချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရပ်ကွက်များအတွင်းလှည့်လည်၍ Hand Speakerဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း  သိရသည်။   

ကြည်ကြည်ခိုင်