ကသာ မေ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ရှိ မြောက်ကျောင်းပရိယတ္တိစာသင်တိုက်တွင် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ပါရာဇိကဏ် (ဒုတိယနေ့)ကို ယမန်နေ့၊ မွန်းတည့်(၁၂)နာရီအချိန်က ဆက်လက်ကျင်းပဖြေဆိုခဲ့သည်။
အဆိုပါစာမေးပွဲကို ကသာခရိုင်စာဖြေဌာနအနေဖြင့် ကသာမြို့ရှိ မြောက်ကျောင်းပရိယတ္တိ စာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပါရာဇိ ကဏ် (ပထမနေ့)တွင် ရဟန်း(၉၃)ပါး၊ သာမဏေ(၁၀)ပါးနှင့် သီလရှင်(၉)ပါး၊ စုစုပေါင်း(၁၁၂)ပါး ဖြေဆိုတော်မူခဲ့ကြကြောင်း သိရသည်။
အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပရာတွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာနနှင့် တာဝန်ရှိသူ များက ဝေယျာဝစ္စလုပ်ငန်းများကို ကုသိုလ်ပြု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)