စစ်ကိုင်း မေ ၂
(၇၆)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်း ခရိုင်/ မြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ ဝင်(၁၇)ဦး၊ အရန်မီးသတ်(၂၅)ဦး၊ မိသားစုစည်းရုံးရေး နှင့်စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်(၁၅)ဦးတို့ စုပေါင်း၍ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦး ပုညရှင်မြတ်စွာဘုရားနှင့် ဥမင်သုံးဆယ်ဘုရားများသို့ ပြည်သူအကျိုးပြု လုပ်ငန်းအဖြစ် သန့်ရှင်ရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
“(၇၆)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့ ဌာနရဲ့ တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ဘုရားစေတီပုထိုး တွေမှာ သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ကြပါသည်။
မေ(၁)ရက်နေ့ကလည်း ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၀)ဦးတို့က စုပေါင်းသွေး လှူဒါန်းမှု ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါတယ် ဆက်လက်ပြီးတော့လည်း ဘုရားစေတီတွေ/ စာသင်ကျောင်းတွေမှာ သန့်ရှင်းရေးများ ပြုလုပ် ဆောင်ရွက်သွားအုံးမှာပါ” ဟု မြို့နယ်မီးသတ် တပ်ဖွဲ့မှူး ဦးဇော်မြင့်ဟန်က ပြောပြ၍ သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် ( ပြန်/ဆက် )