မြောင်းမြ မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်လည်ပတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ကျေးရွာများတွင် ရှိပြီးသား စာကြည့်တိုက်များ ရှင်သန်လည်ပတ်နေစေပြီး ပြည်သူများ စာပေနှင့် အဆက်မပြတ်စေရန်၊ လက်ရှိစာကြည့်တိုက် အခြေအနေများကို သိရှိ လိုသည့်အတွက် အခုလို ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျေးရွာစာကြည့်တိုက်များ လက်ရှိလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများ၊ ကျေးရွာနေ ပြည်သူများ စာပေစိတ်ဝင်စားမှုအခြေအနေများ၊ စာကြည့်တိုက်များ၏ လိုအပ်ချက်များနှင့် ရေရှည်တည်တံ့ ခိုင်မြဲစွာ ဆက်လက်လုပ်ဆောင်သွားနိုင်ရေးတို့ကို မေးမြန်းခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ကျေးရွာများရှိ စာကြည့်တိုက်များတွင် ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများမှ စာအုပ်စာစောင် ငှားရမ်းဖတ်ရှုမှု အခြေအနေများ၊ စာကြည့်တိုက်မှူးများ၏ အခြေအနေများ၊ စာကြည့်တိုက်နှင့် စာအုပ်ထိန်းသိမ်းထားမှု အခြေအနေများ၊ စာအုပ်စာစောင်များ တိုးပွားရေးအတွက် မြို့နယ်စာကြည်တိုက်အနေဖြင့် စာအုပ်စာစောင်များကို လှူဒါန်းပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲသို့ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက် စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်ရူပါအေး