ပုလော၊ စက်တင်ဘာ ၃
လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ပုလောမြို့နယ်ရုံးမှ တာ၀န်ရှိသူများသည် ပုလောမြို့နယ်မီးသတ်တပ်ဖွဲ့၊ မေတ္တာရှင်ပရဟိတအသင်းတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျေး ရွာများသို့ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များအကြောင်း သိရှိစေရန် အသံချဲ့စက်များဖြင့် စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်က တောင်ယာကမ်းကျေးရွာတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့နှိုးဆော်ရာတွင် တောင်ယာကမ်းကျေးရွာအုပ်စုရှိ တောင်ယာကမ်း၊ စစ်ပြင်ကြီး၊ စပူပြင်၊ သစ်လှတော၊ သင်္ကန်းမှော်၊ အထက်ပေါင်း၊ လှည်းကျွန်း၀ကျေးရွာများ၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့်ပြည်သူများ တိကျစွာလိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များဖြစ်သည့် လူစု၊ လူဝေးသွားရောက်ခြင်း ရှောင်ကျဉ်ကြရန်၊ ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကိုစနစ်တကျဆေးကြော သန့် စင်ကြရန် စသည့် ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများသိရှိစေရန်နှင့် သဘာ၀ဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)