အင်္ဂပူမြို့တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်

အင်္ဂပူ မေ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ သမိုင်းဝင်မြတ်စက် စက်ယိုစေတီတော်တွင် ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များမှ စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အင်္ဂပူမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးတင်မောင်ထွေး ဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များက အင်္ဂပူမြို့၊ သမိုင်ဝင်မြတ်စက်စက်ယိုစေတီအား ရေသပ္ပါယ်ခြင်း၊ ရင်ပြင်တော်သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဘုရားဝန်းအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ဗောဓိပင်အား ရေသပ္ပါယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)