ထီးချိုင့် စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင်မြို့နယ်ဒိုးပင်အုပ်စု၊မိကျောင်းအိုက် ကျေးရွာ တောင်သူဦးဖိုးပြား၏ စပါးခင်းအတွင်းသို့ ယမန်နေ့က ငါးအကောင်ရေ (၃၀၀၀၀) စိုက်ထည့် ပေးခဲ့ကြောင်းသိရသည်။
ထီးချိုင်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး စားသုံးသူများ စျေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ စပါးခင်းများအတွင်း ထိုင်းငါးခုံးမကြီး (၁၀၀၀၀)၊ ရွှေဝါငါးကြင်း (၂၀၀၀၀)၊ ငါးသားပေါက်ကောင်ရေ စုစုပေါင်းကောင်ရေ (၃၀၀၀၀) စိုက်ထည့် ပေးခဲ့ကြသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသန်းအောင်မော်နှင့် ဝန်ထမ်းများ၊ အင်ကြင်းကုန်း ငါးသားဖောက်စခန်းမှတာ၀န်ခံ ဦးမောင်စိုး၊ ဒေသခံ တောင်သူများ တက်ရောက်ပြီး စပါးခင်များအတွင်းသို့ ငါးမျိုးစိုက်ထည့် ပေးခဲ့ကြကြောင်း သိရသည်။
ထီးချိုင့် (ပြန်/ဆက်)