အထက်မင်းလှ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာ ပေးနှိုးဆော်မှုများကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ စေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဩဂုတ်လ (၂၆) ရက် နေ့မှစတင်၍ မြို့ပေါ်ရပ်ကွက် များတွင် အသံချဲ့စက် ဖြင့် နေ့စဉ်လိုက်လံ အသိပညာပေးနှိုးဆော်လျက်ရှိသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန်၊ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိအိမ်မှာ သာနေရန်၊ လူစုလူဝေးရှောင်ရန်၊ တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာ နေထိုင်ရန်၊ အပြင်ကပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ရေအသုံးပြုပြီး အနည်းဆုံးစက္ကန့် ၂၀ ကြာစနစ်တကျ ဆေးရန်၊ အပြင်သွားလာရာတွင် နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှသွားလာရန်စသည့် ကြိုတင် ကာကွယ်ရေးနည်း လမ်းများကို ပြည်သူများလိုက်နာ ဆောင်ရွက်ကြရန်အတွက် ရပ်ကွက်များတွင်အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေး နှိုးဆော်လျက်ရှိပြီး၊ ကျေးရွာများတွင်လည််း ကျေးရွာ အုပ်ချုပ်ရေးမှူးများက နေ့စဉ်အသိ ပေးနှိုးဆော်မှုများအရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ဇာဇာ (အထက်မင်းလှ)