မြို့သစ် စက်တင်ဘာ ၃
မကွေးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာ ကွယ် ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်း (၄၀၀၀) ကျော် အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ပိုင်းက တောင်တွင်းကြီး ၊ မြို့သစ်လမ်းနှင့် စာတိုက်လမ်းဆုံ၊ ယာယီပျံကျစျေးအနီးနှင့် မြို့အဝင် ဂိတ်တို့တွင် ပြုလုပ်ခဲ့သည်။
နှာခေါင်းစည်း MASK အခမဲ့ဖြန့်ဝေခြင်းကို မြို့သစ်မြို့မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံကြက် ခြေနီ အသင်း မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် RMNCH Project စီမံချက်ညှိနှိုင်းရေးမှူးတို့ ပူးပေါင်း သောအဖွဲ့တို့သည် လမ်းသွားလမ်းလာ ပြည်သူများအား mask ဖြန့်ဝေပေးခြင်း၊ အပြင် ထွက်လျှင် Mask တပ်ဆင်ရေးအတွက် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း အသိပညာ ပေးခြင်းနှင့် သက်ငယ်မုဒိန်းမှု ကင်းစင်ရေး ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်ဆက် )