ကျောင်းကုန်း စက်တင်ဘာ ၃
ကျောင်းကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အသင်းက စာရေးဆရာ အောင်သင်းရေးသားသော "ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ကြ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုမာထွန်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အသင်းဝင် ဒေါ်ညွန့်ညွန့်အေး၊ ဒေါက်တာ ကြည်ကြည်မြင့်နှင့် မြို့နယ်စာကြည့်တိုက်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးသက်တင်တို့က "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ" စာအုပ်ပါ အမေးအဖြေများအား ဦးဆောင် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက တစ်ဦးချင်းအလိုက် မိမိတို့၏အမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)