ဖြူး မေ ၁
ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တကောင်းမွန်စေရေးကို အထောက်အကူပြုစေရေး အတွက်ရည်ရွယ်ပြီး နွေရာသီကျောင်းပိတ်ချိန်ကာလတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
တိုက်ကွမ်ဒိုသင်တန်း ပထမနေ့သင်ကြားပေးရာတွင် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်၊ တောင်ငူ ခရိုင်နည်းပြ ဦးမင်းဇော်က တိုက်ကွမ်ဒိုပညာ၏ သမိုင်းအကြောင်းအား ရှင်းလင်း ပြောကြားပြီးနောက် တိုက်ကွမ်ဒိုသင်တန်း အစဖြစ်သည့် အခြေခံတန်းစီခြင်းအလေ့အကျင့်၊ ဝတ်စုံဝတ်ခါးစည်းနည်း၊ တိုက်ကွမ်ဒိုမပြုလုပ်မီ အကြောလျှော့နည်းနှင့် လက်သီးတစ်လုံးထိုးနည်းကို အခြေခံကျကျစတင် သင်ကြားပေးခဲ့ကြောင်းသိရသည်။
သင်တန်းကို တစ်ရက်လျှင်(၃)နာရီကြာ တစ်ပါတ်(၄)ရက်နှုန်းဖြင့် (၅)ပတ်တာကာလအတွင်း အခြေခံသင်ခန်းစာအလိုက် လက်သီးထိုးနည်းအဆင့်ဆင့်၊ ခြေကန်နည်းအဆင့်ဆင့် စသည့် တိုက်ကွမ်ဒို ပညာအကွက်များအား ဆက်လက်၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)