ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ဆွမ်းလောင်းလှူပွဲ ပြုလုပ်

ကန်ကြီးထောင့်    စက်တင်ဘာ   ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများစုပေါင်း၍ (ပထမအကြိမ်) ဆွမ်းလောင်းလှူပွဲ စုပေါင်းအလှူဒါနကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

ဆွမ်းလောင်းလှူပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မြို့ပေါ်ရပ်ကွက် အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်း ကျောင်းပေါင်း ၁၈ ကျောင်းမှ ဝါဆိုတော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်းဟင်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)