ကြံခင်း မေ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်ကျေးရွာအုပ်စု (၉)စုတွင် ယမန်နေ့ ညနေ (၆)နာရီအချိန်က ရုတ်တရက်မိုးရွာပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ်(၆)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၃၄)လုံးအမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကြံခင်းမြို့နယ်သော ကြာဒူးကျေးရွာအုပ်စုအတွင်းရှိ သွပ်မိုး၊ ဝါးတဲ(၁)လုံး၊ သွပ်မိုးပျဉ်ကာအိမ်(၂၂)လုံးနှင့် ထရံကာအိမ်(၁၅)လုံးတို့ အမိုးလန် ပြိုကျ ပျက်စီးခဲ့ပြီး စုစုပေါင်း အိမ်ထောင်စု(၄၀)စုခန့် လေဘေးသင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်း နှင့် လေဘေးသင့်အိမ်ထောင်စု(၄၀)စုမှ လေဘေးသင့် ပြည်သူကျား(၅၆)ဦးနှင့် မ(၆၄)ဦးအား နီးစပ်ရာဆွေမျိုးများ၏ နေအိမ်တွင် ယာယီပြောင်းရွေ့နေထိုင်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)