ရွှေတောင် မေ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ညနေ ၆ နာရီခန့်က လေပြင်းတိုက်ခတ်မှု့ကြောင့် နွားမယံအုပ်စု ဆင်မကြပ်ရွာအနီး ရန်ကုန် - ပြည်လမ်း ဘေးတွင်ဖုန်းတိုင်တစ်တိုင်နှင့် ပိတောက်ပင်ကိုင်း လမ်းမပေါ်သို့ ပြိုလဲကျခဲ့ရာ ယာယီ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ဆင်မကြပ်ပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ လုံခြုံရေး တာဝန်ရှိ သူများက ပူပေါင်းရှင်းလင်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့်ကြာ နီကန်ရပ်ကွက်နှင့် နွားမယံကျေးရွာအုပ်စု တွင် ဘုန်းတော်ကြီးကျောင်း(၂) သစ်ပင်ပြိုလဲကျ၍ အမိုးလန်းပျက်စီးဆုံးရှုံးခဲ့ပြီး ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်၊ ဆင်သေကျေးရွာအုပ်စု၊ ရှားပင်ဇင်း ကျေးရွာအုပ်စု၊ သရက်တပင်ကျေးရွာအုပ်စု၊ နွားမယံကျေးရွာအုပ်စု၊ ဆည်ကြီးကုန်း ကျေးရွာအုပ်စု ရပ်ကွက်နှင့် ကျေးရွာအုပ်စုစုစုပေါင်း (၇) အုပ်စု တို့တွင်လူနေအိမ် (၆၉) လုံး အမိုးလန်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီး နွားမယံကျေးရွာအုပ်စုတွင်လူနေအိမ် (၂) လုံးပြိုလဲခဲ့ပြီး လေဘေးသင့် ပြည်သူများအား ယာယီ နေထိုင်နိုင်ရေး နေအိမ်အမြန် ဆုံးပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများမှ လိုအပ်သည် များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူ/ တိရစ္ဆာန်များ တစ်စုံတစ်ရာထိခိုက် ဒဏ်ရာရရှိမှုမရှိ ကြောင်း သိရသည်။
ကိုကိုမင်း