ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ကိုကိုးသီးစိုက်ပျိုးထုတ်လုပ်မှု အောင်မြင်

ထားဝယ် မေ

ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ကိုကိုးသီး စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။  

ကလိန်အောင်မြို့တွင် ကိုကိုးပင်ကို မိုးဦးရာသီဖြစ်သည့် ဇွန်လတွင် စတင်စိုက်ပျိုးပြီး မြေအစို ဓာတ်ကောင်းသည့် နှုန်းမြေ၊ သဲနှုန်းမြေတို့တွင် စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် အပင်အကွာ အဝေးအနေဖြင့် တစ်ပင်နှင့်တစ်ပင် ၁၅ ပေ အကွာတွင် စိုက်ပျိုးလေ့ရှိကြသည်။

ကိုကိုးပင်၏သဘာဝအရ အပင်ငယ်စဉ်တွင် အရိပ် ကျဲကျဲလိုအပ်ပြီး ကလိန်အောင်မြို့တွင် အုန်းခြံ၊ ကွမ်းသီးခြံတွေကြားတွင် သီးညှပ်အနေဖြင့်စိုက်ပျိုးကြသည်။ ကိုကိုးပင်သည် စတင် စိုက်ပျိုးပြီး နှစ်အကြာတွင် အပွင့် စတင်ပွင့်ပြီး အသီးအနည်းငယ် စသီးပါသည်။ သို့သော် နှစ်ခန့်ကြာမှသာ စီးပွားဖြစ် ခူးဆွတ်ရောင်းချနိုင်သည်ဟု ကိုကိုးစိုက် တောင်သူ ဦးနေလင်း အောင်က ဆိုပါသည်။ နှစ်သား အရွယ်တွင် တစ်ပင်ကို ပိဿာလောက် သီးပြီး နှစ်သား နှစ်သား အရွယ်တွင် တစ်ပင်ကို ပိဿာကနေ ပိဿာလောက်အထိ သီးကြောင်း သိရှိရသည်။ နှစ်ရှညသီးနှံ ဖြစ်သည့်အတွက်ကြောင့် နှစ် ၃၀ အထိ ထုတ်လုပ်ရောင်းချ နိုင် ကြောင်း ၎င်းက ဆိုသည်။

ကလိန်အောင်မြို့တွင် ကိုကိုးသီး လက်ရှိပေါက်စျေးသည် အစို ပိဿာကို ၆၅၀ ကျပ် ပေါက်စျေး ရှိပြီး ကုန်ချောထုတ်လုပ်မှုအနေဖြင့် ကိုကိုးချောကလက် အမျိုးအစား မျိုး၊ ကိုကိုးထောပတ်၊ ကိုကိုးလဖက်ခြောက်နဲ့ ကိုကိုးပေါင်ဒါစသည့် ကုန်ချောပစ္စည်း မျိုးကို ကလိန်အောင်မြို့ အောင်ဇမ္ဗူထုတ်လုပ်ရေးကနေ စတင်ထုတ်လုပ် ရောင်းချနေပြီ ဖြစ်သည်။ ကုန်ချောထုတ်ကုန် များကို ရန်ကုန်မြို့ အပါအဝင် အမြို့မြို့အနယ်နယ်သို့ ဖြန့်ဖြူးရောင်းချနေပြီ ဖြစ်ကြောင်း သိရ သည်။

ကိုကိုးပင်သည် သီးညှပ်စိုက်ပျိုးရခြင်းဖြစ်သည့်အတွက် မြေသီးသန့်မလိုဘဲ တောင်သူများ အတွက် အပိုဝင်ငွေရရှိနိုင်ပြီး တိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံတစ်ခုဖြစ်ကြောင်း၊ ကလိန်အောင် မြို့မှာ ကိုကိုးပင်ကို ၄၅ ဧကကျော်စိုက်ပျိုး ထားပြီးဖြစ်ကြောင်း၊ နိုင်ငံတကာက ကိုကိုးအသီး အစေ့ခြောက်ကိုလည်း ထွက်သလောက် ဝယ်ယူရန် ကမ်းလှမ်းလာခြင်းမျိုးရှိနေပြီဖြစ်ကြောင်း၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ မိကျောင်းလှောင်းကျေးရွာတွင် နေထိုင်သည့်  ကိုကိုးစိုက် တောင်သူ ဦးနေလင်းအောင်ထံမှ သိရသည်။

ရွှေပင်လယ်(ထားဝယ်)