ညောင်တုန်းမြို့ ပုဏ္ဏမာရာမဈေး ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဩသဓာဘိဝံသ (နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အကျိုးတော် ဆောင်ချုပ်ငြိမ်း)၏ သက်တော်ရာပြည့် ဂုဏပူဇာသဘင်ပွဲအကြို အထူးတရားပွဲ ကျင်းပ

ညောင်တုန်း  ဧပြီ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ ပုဏ္ဏမာရာမ ဈေးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဩသဓာဘိဝံသ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော် ဆောင်ချုပ်ငြိမ်း)၏ သက်တော်ရာပြည့် ဂုဏပူဇာသဘင်ပွဲအကြို အထူးတရားပွဲကို ယမန်နေ့ ည ၈ နာရီက မဟာဓမ္မဒီပိကာရုံ တန်ဆောင်းတော် ဈေးဓမ္မာရုံကြီး၌ ကျင်းပခဲ့သည်။

သက်တော်ရာပြည့် ဂုဏပူဇာသဘင်ပွဲအကြို အထူးတရားပွဲကျင်းပရာတွင် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ (အဂ္ဂမဟာပဏ္ဍိတ၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်)က တရားတော် များကို ဟောကြားရာ တရားနာ ပရိတ်သတ်များက လာရောက်တရားနာယူကြပြီး ဆရာတော်ကြီး သက်တော်ရာပြည့် ပူဇော်ပွဲ အတွက် အလှူငွေများ လှူဒါန်းခဲ့ကြသည်။

ညောင်တုန်းမြို့ ပုဏ္ဏမာရာမဈေး ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဩသဓာဘိဝံသ (နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အကျိုးတော် ဆောင်ချုပ်ငြိမ်း)၏ သက်တော်ရာပြည့် ဂုဏပူဇာသဘင်ပွဲကို မေလ ၄ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)