မြဝတီမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်းပွဲဆောင်ရွက်

မြဝတီ ဧပြီ ၃၀

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးနှင့် စုပေါင်း သွေးလှူဒါန်းပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြုလုပ်ကြောင်း သိရ သည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် သွေးလှူဒါန်းနေမှုများအား  မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက လာရောက်ကြည့်ရှုအားပေး​ပြီး သွေးလှူဒါန်းသည့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် တာဝန်ရှိသူများက အာဟာရ ဖြည့် ကြက်ဥများလှူဒါန်းပေး သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးအား ​မြဝတီခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဖြိုးမင်းဇော် ဦးဆောင်သော သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် ၅၂ တို့က  မြဝတီခရိုင် ပြည်သူ့ဆေးရုံဝန်းအတွင်း အမှိုက်များ ရှင်းလင်းခြင်းနှင့် မီးရှို့ခြင်း၊  ခြုံနွယ်များ ရှင်းလင်း​ခြင်းနှင့် ရေမြောင်းများ ဆယ်ယူခြင်းတို့ကို  စုပေါင်းဆောင်ရွက်ခဲ့ပြီး သွေးလှူဒါန်းခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(​ပြန်/ဆက်)