ပုသိမ်ကွန်ပျူတာတက္ကသိုလ်၏ (၁၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ပုသိမ် ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တစ်ဘက်ကမ်း၊ ကမ်းနီကျေးရွာအုပ်စု၊ ကွန်ပျူတာတက္ကသိုလ် ခန်းမတွင် (၁၂)ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်၌ ကျင်းပသည်။

အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ Video Conferencing ဖြင့် ဂုဏ်ပြုအမှာ စကားပြောကြားသည်။

ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ပါမောက္ခချုပ်နှင့်တကွ စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များ စင်မြင့်ထက်၌ နေရာယူခဲ့ကြပြီး အမျိုးသားသီချင်းကို တီးမှုတ်ဖျော်ဖြေခဲ့ကြသည်။ ပါမောက္ခချုပ်မှ ဘွဲ့ယူမောင်မယ်များနှင့် အမေးအဖြေပြုလုပ်ခြင်း၊ ပါမောက္ခချုပ်ရှေ့မှောက်သို့ ကွန်ပျူတာ သိပ္ပံဘွဲ့/ကွန်ပျူတာနည်းပညာဘွဲ့ရရှိသူများကို ဒေါက်တာခင်လေးသွင်နှင့် ဒေါက်တာမာမာမင်းတို့မှ ပို့ဆောင်ပေးခဲ့ကြရာ ပါမောက္ခချုပ်မှ ဘွဲ့ဝတ်ရုံ အဆောင်အယောင် များ ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့အပ် နှင်းခဲ့ကြသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများက တက်ရောက်ချီးမြှင့်အားပေးခဲ့ကြသည်။ တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ကွန်ပျူတာတက္ကသိုလ်မှဘွဲ့ရ ကျောင်းသား/သူများကို အမှာစကား ပြောကြားရာတွင် ပုသိမ်ကွန်ပျူတာ တက္ကသိုလ်ကို ၂၀၀၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုချိန်ထိ ဒီပလိုမာဘွဲ့၊ မဟာဘွဲ့နှင့် ရိုးရိုးဘွဲ့ရရှိသူ စုစုပေါင်း(၁၈၈၂)ဦး ရှိခဲ့ပြီးဖြစ်ကြောင်း၊ မောင်မယ်တို့အနေဖြင့် အချိန်ကာလ တစ်ခုအတွင်းမှာ ပညာအရည်အသွေး၊ တီထွင်ဖန်တီးနိုင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မှုစတဲ့ အခြေခံတွေသာမက ဘွဲ့ရတစ်ယောက်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်များ၊ တွေးခေါ်စဉ်းစားနိုင်မှုနှင့် ကျင့်ဝတ်သိက္ခာ စောင့်ထိန်းမှုတွေကိုပါ ရရှိသွားအောင် အတတ်နိုင်ဆုံး ကြိုးစားပြုစုပျိုးထောင်ပေးခဲ့လို့ ပြောင်းလဲနေတဲ့ နည်းပညာများကို အမြဲမပြတ်လေ့လာသင်ကြားရင်း နိုင်ငံသားကောင်း/သမီးကောင်းများ IT ပညာရှင်များ ဖြစ်အောင် ကြိုးစားကြဖို့ မှာကြားခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ကွန်ပျူတာ တက္ကသိုလ်(ပုသိမ်) ကျောင်းသား/သူများအတွက် ထောက်ပံငွေကျပ်ငါးသိန်းကို ပေးအပ်ရာ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ေါက်တာထွန်းမင်းနိုင်မှ လက်ခံရယူခဲ့ပြီး ယနေ့ ကွန်ပျူတာ တက္ကသိုလ်တွင် ဘွဲ့လက်မှတ် ရယူကြသူပေါင်း(၁၆)ဦးရှိပြီး ယခုနှစ်တွင် ဘွဲ့ရရှိသူ စုစုပေါင်းမှာ(၂၉)ဦးရှိကြောင်း သိရသည်။

(မြင့်ဟန်)