ပန်းတနော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း ကတ်ပြားများ စိစစ်၍ ကာကွယ်ဆေးထိုးနှံပေး

ပန်းတနော် ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေးအတွက်  မြို့ပေါ်သို့ လာရောက်ကြသူများအား ယနေ့ နံနက်ပိုင်း၌ မြို့ဝင်/ထွက်စစ်ဆေးရေး ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း မှတ်တမ်းကတ်ပြားများ စိစစ်၍ ဆေးထိုးရန် ကျန်ရှိနေသူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက မြို့ပေါ်သို့ လာရောက်ကြသူများအား မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း မှတ်တမ်းလက်မှတ်များ စိစစ်၍ ဆေးထိုးရန် ကျန်ရှိနေသူများအား စစ်ဆေးရေးဂိတ်တွင် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ရပ်ကွက်ကျေးရွာများအထိ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက အဖွဲ့များ ခွဲ၍ အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)