သာပေါင်း ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မိခင်ကလေးဌာန၊ စက်ဒေါင့်ကြီး ကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ဥသျှစ်ကျေးရွာ၊ ဒါးကညောင်ကုန်းကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာ၊ မကျည်းကုန်းကျေးရွာ၊ ဆိပ်သာကျေးရွာ၊ ခေနန်ကျေးရွာ၊ ဆောင်ဘုံကျေးရွာ၊ ကုလားဝဲ ကျေးရွာတို့တွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများအရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ (Sinovac)ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ကျ ဌာနဆိုင်ရာများမှ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ကျေးရွာများအရောက် အိမ်တိုင်ရာရောက် အားပေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရာ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်(၈၇၇)ဦးတို့ကို ဆေးထိုးစုရပ်ပြုလုပ်၍ (Sinovac)(Covaxin) ထိုးနှံပေးပြီး အသက်(၁၈)နှစ်နှင့်အထက် တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေးမထိုးနှံရသေးသူ Phase-10 (၃၄၇)ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး Phase-8(၂၀၉)ဦး၊ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Actra Zeneca)(၃၈၀)ဦး စုစုပေါင်းပြည်သူ (၁၈၁၃)ဦးတို့ ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း