ဖျာပုံ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၃ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနယက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထွဋ်က ကိုဗစ်-၁၉ရောဂါသည် ပြည်တွင်းကူးစက်မှု များလာသဖြင့် ရပ်/ကျေးနှင့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေး ပေးကြရန်နှင့် မည်သည့်အချိန်တွင် မည်သို့ဆောင်ရွက်မည်ဆိုတဲ့ တိကျတဲ့ SOP များ ရေးဆွဲ ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်က ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု များပြားလာသည့် အတွက် တိုင်းဝင်ပေါက်(၇)နေရာတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားပြီး ဖျာပုံမြို့တွင် စစ်ဆေးဂိတ် ဖွင့်လှစ်နိုင်ရန် ကျန်ရှိသေးကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေလျော့နည်းလာ၍ ထပ်မံစုဆောင်းရရှိရေးနှင့် ရရှိငွေများကို စနစ်တကျ သတ်မှတ် စံနှုန်းအတိုင်း သုံးဆွဲရန်နှင့် စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ် နိုင်ရေးကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
လှလှနွယ်(ခရိုင်ပြန်/ဆက်)