မင်းကင်း စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် စားသောက်ဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်တွင် ဆောင်ရွက် ခဲ့ကြသည်။
စစ်ဆေးရာမှုများဆောင်ရွက်ရာတွင် COVID-19 ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေး အတွက် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်နှင့်အညီ ရှိ/မရှိ စစ်ဆေးခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်များ၊ ပိုစတာများဖြန့်ဝေ ပေးခြင်းများဆောင်ရွက်ကာ စည်းကမ်းချက်များနှင့် မကိုက် ညီသောဆိုင်များ ကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ယင်းသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇင်ထက်အောင်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ စားသောက်ဆိုင် (၂၅) ဆိုင်တို့ အား စစ်ဆေးခဲ့ကြကြောင်းသိရသည်။
လှငွေ(မင်းကင်း)