ရွှေသောင်ယံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

ရွှေသောင်ယံ    စက်တင်ဘာ   

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကိုဗစ် - ၁၉ ကူးစက်ရောဂါကာကွယ်ရေး လုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ကန့်သတ်နယ်မြေများမှ ပြန်လာသူများအား သွားလာခဲ့သည့် ခရီးသွားရာဇဝင်များ စစ်ဆေးမေးမြန်းကာ Quarantine ထားရှိခြင်း၊ လိုအပ်သလို Home Quarantine ထားခြင်း၊ Quarantine နေရာတို့တွင် ဝန်ထမ်းများနှင့် Voluenteer များအား တာဝန်ခွဲဝေချထား၍ ကျန်းမာရေး ဝန်ထမ်းများမှ ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်ပေးခြင်း၊ ရန်ကုန်၊ ရွှေသောင်ယံ လိုင်းကားအား ရပ်နားထားခြင်း၊ ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်နိုင်ရေး အသိပေးနှိုးဆော် ခြင်းစသည် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုမောင်(ပြန်/ဆက်)