ကျိုက်လတ် ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအတွက် မြို့နယ်အတွင်း ဝင်ထွက်သွားလာနေသည့် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူ များအား ယနေ့ နံနက် (၆) နာရီမှစ၍ ဌာနဆိုင်ရာများပါဝင်သော အဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိ သော်လည်း နယ်မြေအတွင်း မလိုလားအပ်သော အဖျက်အမှောင့်လုပ်ငန်းများ မဖြစ်ပေါ်စေရေး အတွက် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ စစ်ဆေးကြပ်မတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန်ကျသည့် ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့များအနေဖြင့် မပျက်မကွက် တာဝန်ထမ်းဆောင်ရန်နှင့် ထူးခြားမှုရှိပါက အချိန်နှင့် တစ်ပြေးညီ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြပေးရန် ညွှန်ကြားထားကြောင်း သိရသည်။
ရီရီမြင့်