သာယာဝတီ ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက် ၂၀၂၁ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ဆီထွက်သီးနှံ နေကြာကို တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ရာ ဆီဖူလုံမှု ရာခိုင်နှုန်း တိုးမြင့်လာကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
သာယာဝတီမြို့နယ်တွင် ယခင်က ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံအဖြစ် မြေပဲနှင့် နှမ်းကိုသာ စိုက်ပျိုးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ စီစဉ်ညွှန်ကြားမှုဖြင့် ၂၀၂၁ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့တင်း(၁၀၀)အား တောင်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ရာ မြို့နယ်အတွင်း နေကြာသီးနှံစိုက်ပျိုးနိုင်သော မြေအမျိုးအစားများတွင် တောင်သူများမှ နေကြာသီးသန့် စိုက်ပျိုးဧက(၁၅)ဧကနှင့် ပဲစိုက်ခင်းများအတွင်း သီးညှပ်စိုက်ပျိုး ဧက(၇၅)ဧက စုစုပေါင်း နေကြာစိုက်ပျိုးဧက (၉၀)အထိ စိုက်ပျိုးနိုင်ခဲ့ရာ အောင်မြင်ဖြစ်ထွန်းခဲ့ကြောင်းလာမည့် ဆောင်းသီးနှံ စိုက်ရာသီတွင်လည်း မျိုးကောင်းမျိုးသန့် ပြန်လည်အသုံးပြုစိုက်ပျိုးနိုင်ရန် မျိုးသန့်ဖြန့်ဝေနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အခြားဆီထွက် သီးနှံများဖြစ်တဲ့ မြေပဲ နှမ်းတို့ကိုလည်း စိုက်ပျိုးနိုင်ခဲ့ကြောင်း လာမည့်ရာသီမှာလဲ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ဖို့ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက လျာထားဆောင်ရွက်လျက်ရှိကြောင်းနှင့် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ယခင်နှစ်ကဆီဖူလုံမှု အတိုင်းအတာ (၃၂.၆၇) ရာခိုင်နှုန်းသာရှိခဲ့ပြီး ယခုနှစ်တွင် (၅၂.၆၅) ရာခိုင်နှုန်းအထိ ဆီဖူလုံမှု ရရှိလာနိုင်တာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးဌာနမှ သိရသည်။
သန့်ဇော်(သာယာဝတီ)