ကြာအင်းဆိပ်ကြီး ဧပြီ ၂၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှအများပြည်သူများအား အထွေထွေဗဟု သုတများရရှိတိုးပွားလာ စေရေး သိသင့်သိထိုက်သော အကြောင်းအရာများအား သိရှိလာနိုင်စေရေးအတွက် အသိ ပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ညနေ ၃နာရီ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နှင်းကြည်က အများပြည်သူအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားပြီး မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်နိုင်က သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေးနှင့် ပတ်သက်၍ အပူချိန်မြင့်မားလာမှုအခြေအနေများ ရေရှားပါးခမ်း ခြောက်လာမှုအခြေအနေ များနှင့်ပတ်သက်ပြီး သစ်တော သစ်ပင်များမဖြုန်းတီးစေရေး သစ်ပင်များနှစ်စဉ်စိုက်ပျိုးထိန်းသိမ်းနေမှု အခြေအနေများအား ဆွေးနွေးပြောကြားသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲများအား မိဘပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာ မှတ်သားသိရှိနိုင်စေရေးအတွက် Online မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေး လျက်ရှိရာ သိရှိလိုသည်များအား Iprd kyarinn seik kyi facebook page စာမျက်နှာ၌ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မျိုးမင်းဦး