သနပ်ပင် ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် (အပတ်စဉ် စနေနေ့)စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါစုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးပြုလုပ်ခြင်း၊ လမ်းဘေးဝဲယာသစ်ပင်ပန်းပင်များစိုက်ပျိုးခြင်း/ လမ်းနှင့်မလွတ်ကင်းသည့် သစ်ကိုင်းသစ်ပင်များခုတ်ခြင်း၊ လမ်းဘေးသစ်ပင်များအား ထုံးသုတ်ခြင်းတို့ကို အပတ်စဉ်စနေနေ့တိုင်း ရပ်ကွက်အတွင်းရှိ လမ်းများတွင် အလှည့်ကျဆောင်ရွက်သွားရေးကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)