စစ်ကိုင်းမြို့တွင် တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး

စစ်ကိုင်း စက်တင်ဘာ ၃

စစ်ကိုင်းမြို့တွင် တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ဒေသန္တရကျန်းမာရေးဌာန တွင် ယမန်နေ့က ထိုးနှံပေးခဲ့ကြောင်းသိရသည်။

" ကျွန်မတို့ ဒေသန္တရကျန်းမာရေးဌာနမှာ ရပ်ကွက်ကြီးရှစ်ရပ်ကွက်ရှိပါတယ် လစဉ်လဆန်းရက် တွေမှာ ကာကွယ်ဆေးပုံမှန် ထိုးပေးနေပါတယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလတွေ ဖြစ်တဲ့ (၄) လပိုင်းနဲ့ (၅)လပိုင်းတွေမှာတော့ ရပ်နားထားပါတယ် (၆)လ၊ (၇)လပိုင်းနဲ့(၈)လပိုင်မှာတော့ ပုံမှန် ကာကွယ်ဆေးကို ပေါင်းထိုးပေးတော့ လာရောက်ထိုးနှံသူတွေများလာတာပါ အခုစက်တင်ဘာလဆန်း ကနေစပြီး ကျန်မာရေးနဲ့အညီ ပုံမှန်ထိုးပေးသွားတော့မှာပါ တစ်နေ့ကို ရပ်ကွက်(၄)ရပ်ကွက်နဲ့ (၂)ရက်ဆက်တိုက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးသွားမှာပါ" ဟု ကျန်းမာရေးဆရာမ ဒေါ်သန်းသန်း ဆွေက ပြောပြ၍ သိရသည်။

ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် တစ်နှစ်ခွဲအောက် ကလေးငယ်များကိုတော့ ဝက်သက် ဂျိုက်သိုးနဲ့ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးနဲ့ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ အတွက် တော့ မေးခိုင်ကာကွယ်ဆေးများ ထိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်